မိုင်းယန်းမြို့တွင်  တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ရောင်းချပေး

မိုင်းယန်း  နိုဝင်ဘာ   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့ရှိ နယ်မြေခံတပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များက နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေဒေသခံပြည်သူများအား  တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက်  ယနေ့နံနက် နာရီခွဲခန့်က ဈေးတန်းရပ်ကွက် မြို့မပန်းခြံတွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေ စေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ကြက်သားနှင့် အသီးအရွက်များကို ဈေးနှုန်းချိုသားစွာဖြင့် ရောင်းချပေးခဲ့ပြီး စစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့် မိုင်းယန်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

ထွန်းထွန်းထူး