ကျိုက်မရော မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ကျိုက်မရော နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို  ယနေ့ နံနက် ၉ နာရီမှစတင်ကာ  မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင်   ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းမှစတင်ကာ နိုင်ငံဝန်ထမ်း ပင်စင်စားများ၏  ပင်စင်လစာငွေများကို လွယ်ကူ အဆင်ပြေ စွာထုတ်ပေးနိုင်ရေးအတွက် အသက်အရွယ်အလိုက် အုပ်စုများခွဲကာ လူစုလူဝေး မဖြစ်စေရေးအတွက် စနစ်တကျ ထုတ်ပေးလျက်ရှိနေပြီး ပင်စင်လာထုတ်သူ သက်ကြီး အငြိမ်းစားဝန်ထမ်းများအတွက် နားနေရန်နေရာများ စီစဉ်ဆောင်ရွက်ပေးထားပြီး ကျန်းမာရေး အခြေအနေနှင့် ရပ်ဝေးမှ အငြိမ်းစား ဝန်ထမ်းများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံ ချက်ဖြင့် မိသားစု ဝင်များမှ ကိုယ်စား လာရောက်ထုတ်ယူ နိုင် ကြောင်းသိရသည်။

ကျိုက်မရော မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းဦးရေမှာ (၇၀၀)ကျော် ရှိသည့်အတွက် အုပ်စုအလိုက်နေ့များ သတ်မှတ်ကာ လစဉ်လဆန်း ၂၁ ရက်မှ လကုန်ရက်များအထိ နေ့စဉ်ဘဏ်ဖွင့်ချိန်  နံနက် ၉ နာရီမှ ညနေ (၃)နာရီအတွင်း  စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း နှင့်အချို့ အငြိမ်းစားဝန်ထမ်းများက သုံးလတစ်ကြိမ် မှစုပေါင်းထုတ်ယူသူများရှိ​ပြီး အချိန်နှင့်တစ်ပြေးညီ ပင်စင်လစာများ ထုတ်ပေးနိုင်ရန် မြန်မာ့စီးပွားရေး ဘဏ်ခွဲမှတာဝန်ရှိသူနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်(ခွဲ) မန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)