သတင်းများ

ဂွမြို့တွင်၂၀၂၂ခုနှစ် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃) နှစ်​မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ် “ကမ္ဘာ့က​​လေးများ​နေ့” အခမ်းအနားကျင်းပ
Nov 22,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့၊ ကလေးတိုင်း အတွက်​ ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (၃၃) နှစ်​မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ် “ကမ္ဘာ့က​​လေးများ​နေ့” အခမ်းအနားကို ယ​မန်နေ့ညနေပိုင်းက ဂွမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၂) ကျင်းပ
Nov 22,2022
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ - ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။
စစ်ကိုင်းမြို့၊ ရွှေမင်းဝံ အခြေခံပညာအထက်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ် အသိပညာပေး ဟောပြောဆွေးနွေး
Nov 22,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေမင်းဝံ အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ယနေ့(၁)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများကျင်းပ
Nov 22,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က မချမ်းဘော့ကျောင်း၌ ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်
Nov 22,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ သတင်းရေးသားနည်းသင်တန်းကို နိုဝင်ဘာ(၂၁)ရက်မှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Nov 22,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ဈေးကြီး၌ ပြုလုပ်ခဲ့ကြသည်။
ငပု​တောမြို့နယ်၊ ကွင်း​ချောင်း​ကျေးရွာအုပ်စု၊ ဆယ်အိမ်စု​ကျေးရွာတွင် ​နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ကွင်း​ချောင်း​ကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် ကွင်းအမှတ် (၂၁၀၆) ဦးပိုင်အမှတ် (၁၁) ၊ တောင်သူ ဦးဂီတစိန်၏ လယ်ယာမြေ (၅.၀၀) ဧက၌ ​နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။
ရွှေကူမြို့နယ် ပူခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများဆောင်ရွက်
Nov 22,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပူခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။