မိုးညှင်း နိုဝင်ဘာ ၂၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ သတင်းရေးသားနည်းသင်တန်းကို နိုဝင်ဘာ(၂၁)ရက်မှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ဝန်ထမ်းများ သတင်းရေးသားရာတွင် အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ရေးသားဖော်ပြနိုင်စေရန်နှင့် သတင်းအရည်အသွေး မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို ခရိုင်ရုံးမှ ဓါတ်ပုံကျွမ်းကျင်-၂ က မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်/မြို့ရုံးများမှ ဝန်ထမ်း (၁၂)ဦးအား နိုဝင်ဘာ(၂၁)ရက်မှ (၂၂)ရက်နေ့ထိ နှစ်ရက်တာ သင်ကြားပို့ချပေးလျက်ရှိပြီး ကျန်ရှိနေသည့် သတင်းဗီဒီယို တည်းဖြတ်နည်းသင်တန်းနှင့် ရုံးစာရေးသားနည်းသင်တန်းများကို ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း၊ သင်တန်းတစ်ခုစီကို နှစ်ရက်တာကာလဖြင့် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။
ရွှေမိုးညှင်း