သတင်းများ

ဗန်းမော်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 22,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့ စျေးကြီးရပ်ကွက်တွင် ဆီနှင့်ကြက်ဥများ စျေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ
Nov 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ စျေးကြီးရပ်ကွက်တွင် ပြည်သူများအား စားသုံးဆီနှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ယမန်နေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက လဟာပေါက်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၃၇/က) ဦးပိုင်အမှတ် (၈၉) တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာ ပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေစကားဝိုင်း ကျင်းပ
Nov 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေဗဟုသုတကြွယ်ဝစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များကို စာပေဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် အသုံးပြုတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာ စေရန် ရည်ရွယ်၍ စာပေစကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် အငြိမ်းစားပင်စင်စား(၂၄၁၁) ဦးအား ပင်စင်လစာများ ထုတ်ပေး
Nov 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိ
Nov 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၇ နာရီအချိန်က စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Nov 22,2022
ပုသိမ်တက္ကသိုလ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်းရှိ အဆိုပါ Centre ရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။