ဂွ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့၊ ကလေးတိုင်း အတွက် ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဂွမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဂွမူလတန်းကြိုကျောင်းမှ ကလေးငယ်များက ဘောလုံစီကစားနည်း၊ ခေါင်းအုံးရွက်ကစားနည်း၊ ဘောလုံးကျောကပ်ကစားနည်း၊ အာလူးကောက်ကစားနည်း၊ မုန့်ကိုက်ကစားနည်း၊ ခုံသယ်ကစားနည်း၊ Shape စာလုံးရွေးချယ် ကစားနည်း၊ ဂျီဩမေတြီ ကစားနည်းစသည့် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး အသင်းအဖွဲ့ဝင် များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်