ရွှေကူ နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပူခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတတိုးပွားရရှိစေနိုင်ကြောင်းကို “ဘာကြောင့်စာဖတ်ရန်လိုသနည်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)