မချမ်းဘော့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများကျင်းပ

မချမ်းဘော့ နိုဝင်ဘာ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က မချမ်းဘော့ကျောင်း၌ ကျင်းပခဲ့သည်။

အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား ကျောင်းသူ ၂၃ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၂ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၅ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆက်လက်၍ နိုဝင်ဘာ ၂၃ ရက်နေ့တွင်လည်း သင်္ချာစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ မူလတန်းအဆင့် ၂၁ ဦး အလယ်တန်းအဆင့် ၂၄ ဦး စုစုပေါင်း ၄၅ ဦး ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် သင်ကြားသင်ယူမှု စွမ်းရည်တိုးတက်လာစေရန်၊ အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် ထူးချွန်သည့် ကျောင်းသူ ကျောင်းသားများ ရွေးချယ်ရန်နှင့် စွမ်းရည်ထူးချွန်ကြသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပေးရန် ရည်ရွယ်ကာ စွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယောရွှေနီ (မချမ်းဘော့)