စစ်ကိုင်းမြို့၊ ရွှေမင်းဝံ အခြေခံပညာအထက်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ် အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း နိုဝင်ဘာ ၂၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေမင်းဝံ အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ယနေ့(၁)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက အသိပညာပေး ဆွေးနွေးရာတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုအန္တရာယ်မှ ရှောင်ရှားနိုင်ရေး ဆောင်ရန်/ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးအတွက် မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေး ဥပဒေ/နည်းဥပဒေများ၊ ကျောင်းစာများအပြင် ပညာဗဟုသတ ပိုမိုရရှိစေရန် သုတ/ရသ စာအုပ်/စာပေများလေ့လာ ကြည့်ရှုသွားကြဖို့ စသည်ဖြင့် ဆွေးနွေးပေးခဲ့ပြီး စာအုပ်များကို ပေးဖတ်ပြီး မိမိတို့ ဖတ်မှတ်ထားသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးစေရာ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဆွေးနွေး ပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိနိုင်စေရန် Talk Show များ ကျင်းပခြင်း၊ သုတ/ ရသ စာအုပ်/ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များအား ပြပွဲ/ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်