သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ မြို့နယ်အဆင့် ကျင်းပပြုလုပ်

သာစည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဖြေဆိုသူအားလုံး ရေးဖြေနှင်နှုတ်ဖြေ နှစ်မျိုးလုံးဖြေဆိုရမည်ဖြစ်ကာ ယနေ့နံနက် တွင် ရေးဖြေကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်၌ နှုတ်ဖြေ  ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ စွမ်းရည်ပြိုင်ပွဲတွင် Grade 5 ၌ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုသူ ၂၁ ဦး၊  သင်္ချာစွမ်းရည် ဖြေဆိုသူ ၂၃ ဦး၊  Grade 6 ၌ အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုသူ ၈  ဦး၊  သင်္ချာစွမ်းရည်ဖြေဆိုသူ ၁၁ ဦး၊ Grade 7 ၌ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုသူ ၁၈ ဦး၊ သင်္ချာစွမ်းရည်ဖြေဆိုသူ ၁၉ ဦး၊ Grade 8 ၌ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုသူ  ၂၁ ဦး၊  သင်္ချာစွမ်းရည်ဖြေဆိုသူ ၁၉ ဦး၊ Grade 9 ၌ အင်္ဂလိပ်စာ စွမ်းရည်ဖြေဆိုသူ ၁၉ ဦး၊ သင်္ချာစွမ်းရည်ဖြေဆိုသူ ၂၀ ဦး ဖြေဆိုသူစုစုပေါင်း ၁၇၉ ဦး စာရင်းရှိပြီး   ဖြေဆိုရန် ပျက်ကွက်သူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲမှ နှစ်ဦးသာရှိကြောင်း သိရသည်။  

စွမ်းရည်ပြိုင်ပွဲမှ အတန်းတစ်တန်းလျှင် ဘာသာရပ်အလိုက် ကျောင်းသားတစ်ဦး၊ ကျောင်းသူ တစ်ဦးဖြင့် စုစုပေါင်း ကျောင်းသား/သူ ၂၀ ဦးတို့ အောင်မြင်မည်ဖြစ်ပြီး အဆိုပါ ကျောင်းသား/သူများမှာ တိုင်းဒေသကြီးအဆင့် စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ဖြေဆိုရမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါစွမ်းရည်ပြိုင်ပွဲကို မိတ္ထီလာခရိုင်ပညာရေးမှူးရုံးနှင့် သာစည်မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်ဖြေဆိုကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)