ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ကျောက်ဖြူ    နိုဝင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက်  ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်ရက်များတွင် နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ ထို့အပြင်သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို ဒီဇင်ဘာလ လဆန်းပိုင်းတွင်ဘဏ်လုပ်ငန်း ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၁၃၀၀ ကျော် ခန့်ရှိပြီး နိုဝင်ဘာလ ၂၁ ရက်နေ့က ပင်စင်လာရောက်ထုတ်ယူသူ ၆၂၄ ဦးတို့အား ပင်စင်လစာငွေ (၆၇.၄၀၉) ကျပ်သန်းအား ထုတ်ပေးထားပြီးဖြစ်ကာ ပင်စင်လစာထုတ်ယူရန်ကျန်ရှိနေသူများကိုလည်း  ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ခရိုင်(ပြန်/ဆက်)