သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်ူးသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

သပိတ်ကျင်း   နိုဝင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင် သပိတ်ကျင်းတပ်နယ် တပ်မတော်သားများ၊ တာဝန်ခံအရာရှိကြီးများ၊ တပ်မတော်မိသားစုဝင်များမှ ဆန်(၂၅) အိတ်၊ ဆီ( ၁၁၀)ပိဿာ၊ ကြက်သွန်နီ၊အာလူး၊ ကြက်ဥစသည့် စားသောက်ကုန်(၅)မျိုးအား သပိတ်ကျင်းမြို့ပေါ်ရှိဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စုစုပေါင်းလူဦးရေ( ၅၀၀)ကျော်တို့အား ပြင်ပတွင် ရောင်းချသည့် စျေးနှုန်းထက် သက်သာသည့်စျေးနှုန်းများဖြင့် စတုတ္ထအကြိမ်ဆက်လက် ရောင်းချပေးလျက်ရှိရာ ပြည်သူများဝမ်းသာစွာဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရသည်။

ထို့အပြင် နှာခေါင်းစည်းအသုံးမပြုသူပြည်သူများအား တာဝန်ရှိသူများက နှာခေါင်းစည်းများ ဝေငှပေးခြင်းတို့ဆောင်ရွက်ပေးခဲ့သည်၊ အဆိုပါစျေးရောင်းချရာသို့ သပိတ်ကျင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးဒုတိယ ရဲမှူးကြီးဖြိုးဝေ၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးစိုးမင်းသူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းမြတ်သူနှင့် သပိတ်ကျင်းတပ်နယ်မှ တာဝန်ရှိသူ များမှလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ ဆက်)၊သပိတ်ကျင်း