ရေဖြူမြို့နယ် တွင်မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲပြုလုပ်

ရေဖြူ   နိုဝင်ဘာ    ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ခ)ရပ်ကွက်နေ တောင်သူဦးမျိုးနိုင်၏ ဆင်းသုခ(Seeder)စံပြမိုးစပါးစိုက်ခင်း (၀.၁၀)ဧကခန့်အား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းမြနှင့် တိုင်းဒေသကြီး မြေအသုံးချရေး/ ခရိုင်မြေအသုံးချရေး/ ခရိုင်မျိုးစေ့တာဝန်ခံများ၊‌ရေဖြူမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါစံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခတစ်ဧကလျှင် အစို(၁၂၀)တင်းနှုန်းနှင့် အခြောက်တင်း အနေဖြင့် (၁၀၈)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦး‌ကျော်မင်းထံမှ သိရသည်။

ခတ္တာ