သဲကုန်း နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဟန်အေး၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံတို့မှ ဦးဆောင်၍ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မြို့မဈေးနှင့် ကျောင်းပြင်ပရှိ မုန့်ဈေးဆိုင်များတွင် မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ထိုသို့စစ်ဆေးရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ တင်သွင်းလာသော ဆေးခြောက်ပါဝင်သည့် အစားအသောက်နှင့် မုန့်မျိုးစုံများ ရောင်းချမှုရှိ/မရှိကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း ကျောင်းပြင်ပမုန့်ဈေးဆိုင်များမှ ရောင်းချသည့်အစား အသောက်များတွင် ဌာနမှညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိသော ပစ္စည်းများကိုသာ ဝယ်ယူရောင်းချခြင်းပြုပါရန် ပြောကြားခဲ့ကြောင်း သတင်းရသည်။
မြို့နယ်၊ပြန်/ဆက်