တံတားဦးမြို့ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်ရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကျင်းပ

တံတားဦး  နိုဝင်ဘာ ၂၅

တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိ ပညာ‌ပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး  မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အမှာစားပြော ကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က“လူမှုကွန်ယက် အသုံးစွဲမှု သတိပြုစေရေး ဝိုင်းဆောင်ရွက်ပေး “နှင့်” အမုန်းစကား နှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးခြင်း “အကြောင်းတို့ကို၎င်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက   “ဆောင်းရာသီတွင် သတိထားရမည့် ကျန်းမာရေးပြဿနာများ“ အကြောင်းကို၎င်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ  “လုံခြုံရေးသတိ လုံခြုံရေးအသိ လူတိုင်းကိုယ်စီရှိစေချင် “ စသည့် အကြောင်းအရာများကို၎င်း၊ အသီးသီးဆွေးနွေးပြောကြားကြသည်။

တားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အိသပညာ‌ပေးဆွေးနွေးပွဲများကို လစဉ်ကျင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)