ဟုမ္မလင်း၌ စက်မှုလယ်ယာဦးစီးဌာနမှ ဖွင့်လှစ်သည့် (၁)လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်မှု (အခြေခံ) သင်တန်းအမှတ်စဥ် (၅/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ လူငယ်ရေးရာကော်မတီနှင့် စက်မှုလယ်ယာဦးစီးဌာနတို့က ဖွင့်လှစ်သည့် တစ်လုံးထိုးအင်ဂျင်(ဒီဇယ်) ပြုပြင်ထိန်းသိမ်းခြင်း (အခြေခံ)သင်တန်း အမှတ်စဥ် (၅/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟုမ္မလင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ထွန်းက တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပိုမိုကျွမ်းကျင်စေရန်၊ ထိရောက် အောင်မြင်စွာ အသုံးချတက်စေရန် သင်ကြားပို့ချမည့် တစ်လုံးထိုးအင်ဂျင်သည် လက်တွန်းထွန်းစက်၏ အဓိကအရေးပါးသော အစိတ်ပိုင်းဖြစ်သည့်အတွက် လက်တွေ့လယ်ယာ လုပ်ငန်းခွင်တွင် အရေးကြီးသည့် အစိတ်အပိုင်းအား ပိုင်နိုင်စွာအသုံးပြုနိုင်မည့် တောင်သူများအား မွေးထုတ်ပေးနိုင်ရန်နှင့် ကျေးလက်နေတောင်သူ လယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယ​မြို့နယ်အုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသားတက်ရောက်မည့် ဒေသခံသင်တန်းသားများ (၃၅)ဦး၊ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းတွင် တစ်ချိန်လျှင် (၅၀)မိနစ်နှုန်းဖြင့်တစ်နေ့လျှင် (၇)ချိန်နှင့် စုစုပေါင်း (၃၅)ချိန်အား စာတွေ့ /လက်တွေ့ဖြင့်ပြီး၊ သင်တန်းကာလမှာ (၅)ရက် ဖွင့်လှစ်သင်ကြားပို့ချပေး သွားမည်ဖြစ်
ပါကြောင်း သိရှိရသည်။

လင်းလင်း(ပြန်/ဆက်)