ကလေး၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စားတော်ပဲနုသီးများ လှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရောင်းချရသောကြောင့် ဈေးရောင်းချသူများနှင့် ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း မီးခွက်ဈေး၌ ဈေးရောင်းချသူများထံမှ သိရသည်။
ကလေးမြို့တွင် မြို့မဈေး၊ တာဟန်းဈေး၊ ပင်လုံဈေး၊ စိမ်းလန်းဈေး၊ ဆိပ်ကမ်းသာဈေး နှင့် မီးခွက်ဈေး စသည်ဖြင့် ဈေးများစွာရှိပြီး အခြေခံစားသောက်ကုန်များကို အဓိကရောင်းချနေသည့် အစည်းကားဆုံးနှင့် အထင်ရှားဆုံးဈေးမှာ မီးခွက်ဈေး (ခေါ်) မိုးမလင်းဈေးဖြစ်သည်။ ၎င်းဈေးတွင် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးနားကျေးရွာများမှ လာရောက်ရောင်းဝယ်ကြပြီး ယခုအချိန်တွင် စားတော်ပဲနုသီးများကို နို့ဆီဗူး (၁) ဗူးလျင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချနေရသောကြောင့် ဈေးရောင်းချ သူများနှင့် ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“အရင်နှစ်ကတော့ ပဲနုသီးတစ်ဗူးကို ၁၀၀၀ အောက်မှာပဲရောင်းရတယ်၊ ဒီနှစ်ကတော့ တစ်ဗူးကို ၁၅၀၀ ရောင်းရတယ်။ ဖောက်သည်ယူတာကတော့ ၁၂၀၀၊ ၁၃၀၀ ယူရတယ်၊ ဒီလိုရောင်းရတော့ တောင်သူတွေလဲအဆင်ပြေတယ်။ ဈေးရောင်း၊ ဈေးဝယ်တွေလဲအဆင်ပြေတယ်” မီးခွက်ဈေးမှ ဒေါ်မေကြည်က ပြောပြသည်။
ဦးကျော်ဟိန်း
ကလေး (ပြန်/ဆက်)