လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ဆီနှင့်ကြက်ဥများ စျေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး

လှည်းကူး နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ပြည်သူများအား စားသုံးဆီနှင့်ကြက်ဥ များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။          

ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီနှင့်ကြက်ဥများ ရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများ မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်းသိရသည်။  ပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် ဆီနှင့်ကြက်ဥများ ရောင်းချပေးရာတွင်လည်း ဆီတစ်ပိဿာလျှင် ငွေကျပ် (၄၁ဝ)နှုန်းဖြင့် ဆီပိဿာ(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၇)ဖြင့် ကြက်ဥအလုံး(၁၀ဝဝ)ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)