ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ်  နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဒေသနေ ပြည်သူများနှင့် ကျောင်းသား/သူလူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်ဇင်မိုအေးက စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှ ဘိန်းဆီထုတ်လုပ်သည့် အကြောင်းအရာများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော အက်ဖက်တမင်းပုံစံမျိုးကွဲများ၊ ၁၉ရာစုနှောင်း ပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများများကို ကျောင်းသား/ သူများအား အသိပညာပေး ဟောပြောပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းရွာသစ်မြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် နေ့ထူးနေ့မြတ်ဆိုင်ရာ အကြောင်းအရာများ၊ အလုပ်အကိုင် အခွင့်အလမ်းကြော်ငြာများနှင့် ဒေသနှင့် လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်အသစ်လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)