သတင်းများ

သာစည်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Nov 26,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 26,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ၁၁/၂၀၂၂ ခုနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား)  ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ
Nov 26,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ အားကစားကဏ္ဍ ဖွံဖြိုးတိုးတက် ရေးနှင့် ထူးချွန်သော ရွက်ပုန်းသီး ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ၂၀၂၂ ခုနှစ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မ အားကစား ကွင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ နွေစပါးစိုက်ပျိုးရာသီတွင် အကျိုးတူလယ်ယာစနစ် ပူးပေါင်းဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ
Nov 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စုများက နွေစပါးစိုက်ပျိုးမည့် တောင်သူများ သွင်းအားစုလုပ်ငန်းများ လိုအပ်ချက်မရှိစေရေးအတွက်  အကျိုးတူလယ်ယာစနစ်ဖြင့် နွေစပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။ 
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Nov 26,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်သည့် အလေ့အ​ကျင့်ကောင်းများ ရရှိစေရန်နှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လည် ၁နာရီ အချိန်က အတ္တရံမြို့သစ် မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Nov 26,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ) စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှု အခြေအနေများကို၊ ယမန်နေ့ နံနက် (၁၀)နာရီက ညောင်ဦးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်းနေကြာ စိုက်ပျိုးထားရှိသည့်၊ တောင်ပေါ်မြောက်ကျေးရွာနှင့် ကျောက်တံခါး ကျေးရွာများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး
Nov 26,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(မတ္တရာ) တွင် ယနေ့နံနက် ၇ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဆောင်သည့် စစ်ကြောင်း(၅) ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။