မတ္တရာမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

မတ္တရာ  နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(မတ္တရာ) တွင် ယနေ့နံနက် ၇ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဆောင်သည့် စစ်ကြောင်း(၅) ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးမှ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် လိုအပ်ချက်များရှိပါက တင်ပြနိုင်ပါကြောင်း၊ လက်တလော နိုင်ငံရေးအခြေအနေ၊ နယ်မြေအခြေအနေများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး စီမံကိန်းဦးစီးဌာန၊ မြို့မရဲစခန်းမှူး၊ ငါးလုပ်ငန်းဦးစီးဌာန၊ လဝက၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေး/လက်ဦးစီးဌာန၊ လျှပ်စစ်၊  ဆည်/မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိ သူများမှ ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများမှ  လိုအပ်ချက်များကို မေးမြန်းဆွေးနွေး တင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)