သတင်းများ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ
Nov 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားအား ယမန်နေ့ ညနေပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့သန့်ရှင်းသာယာလှပရေးစုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကန်တော်ကြီး၌ ရေသိုလှောင်ထားရှိမှုနှင့် ရေဖြန့်ဝေပေးနေမှုအား ကြည့်ရှုစစ်ဆေး
Nov 26,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်း ရေးဆောင်ရွက်နေမှုနှင့် စစ်တွေမြို့သို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသော ကန်တော်ကြီး၌ ရေသိုလှောင်ထားရှိမှု၊ ရေဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်မှ ထိုင်ခုံများပေးအပ်လှူဒါန်းပွဲကျင်းပ
Nov 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ ပလတ်စတစ်ထိုင်ခုံများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် ယနေ့ မွန်းလွဲ (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Nov 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ယင်းမာပင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ယင်းမာပင်မြို့(ဂ)ရပ်ကွက်ရှိ သီးပင်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍  သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နမ့်လန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်
Nov 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နမ့်လန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီက စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်းအသိပညာပေး
Nov 26,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးသောပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့နံနက်ပိုင်းက မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်း အသိပညာပေးခဲ့ကြသည်။
လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကလေးအလုပ်သမား ပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပေပြာပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ၂၀၁၉-၂၀၂၀/၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
Nov 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ကျွန်းစု)၏  ၂၀၁၉-၂၀၂၀/၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့ပေါ်အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။