သာစည်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သာစည် နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က   အမှာစကား ပြောကြားရာတွင် မြို့နယ် ကော်မတီအနေဖြင့်  လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ခြင်းဖြင့် ကလေးသူငယ်အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကို ကလေးသူငယ်များ  အပြည့်အဝ ခံစားရရှိစေရန် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးကြ စေလိုကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခွင့်အရေးများကို ရှင်းလင်း    ပြောကြားသည်။ ဆက်လက်ပြီး မိတ္ထီလာခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦးက သာစည်မြို့နယ်အတွင်း ဆောင်ရွက်နေသော ကလေးသူငယ်ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းမူကြမ်းတို့ကို       ရှင်းလင်း တင်ပြသည်။   

ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက   ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ မိမိတို့နှင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်