စလင်း နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ၁၁/၂၀၂၂ ခုနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လူကြီးမင်းအပေါင်းအား ၁၁/၂၀၂၂ ခုနှစ် အစည်းအဝေးပြုလုပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည့် အချက်များမှ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ဆောင်ရွက်ပြုလုပ်နိုင်ရန်အတွက် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့်ထည့်သွင်းရိုက်ကူးခဲ့သည့် လုပ်ငန်းများ၊ အိမ်ထောင်စုလူဦးရေပုံစံ (၆၆/၆) E-ID စနစ် Software Program ဖြင့်ထည့်သွင်းရိုက်ကူးနည်းဖြင့်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့်ဆောင်ရွင်ခဲ့ကာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခု အမှား/အမှန် ဖြည့်စွက်ပြင် ဆင်တာတွေ မြေပြင်ကွင်းဆင်းကောက်ယူရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်စုများနှင့် ဒီဇင်ဘာလထဲတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့သည့် စီမံချက်လုပ်ငန်းများအား ယခု ၂၀၂၂-၃၀၂၃ ခုနှစ် ဘဏ္ဍာနှစ် ဆောင်ရွက်မည့် အထင်ကရမြို့နယ်၏ ထင်ရှားသည့်နေရာများအား MRTV-4 မှ၊ Documentary ရိုက်ကူးမည့် အစီအစဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုများနှင့်အတူ ရိုက်ကွင်းရိုက်ကူးမည့်နည်းပညာ ရှုထောင့်အမျိုးမျိုးအား မြို့နယ်၏ အထင်ကရနေရာ များအားရိုက်ကူးမည်ဖြစ်၍ ရိုက်ကူးရာတွင် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမှာဖြစ်သည်။ ဆက်လက်၍ ဇန်နဝါရီ(၄)ရက်နေ့မှာ ကျရောက်မည့် စိန်ရတု လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲများအား ကျင်းပပြုလုပ်မည်အစီအစဥ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုပြုလုပ် ထားကြရန်နှင့် ဌာနဆိုင်ရာပိုက်ကျော်ခြင်း ပြိုင်ပွဲများနှင့် ဘော်လီဘောပြိုင်ပွဲများအား ကျင်ပမည်နေရာများကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျန်အားကစားပွဲများကို မြို့နယ်အားကစားကွင်း အားကစားရုံတွင် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဆုကြေးငွေများအား အားကစားနည်းအလိုက် ဆုများ ထိုက်တန်စွာချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ဆက်တည်းဌာနဆိုင်ရာများအား မြေပြင်စာရင်းကောက်ယူရေးအတွက် တာဝန်များပေးအပ်၍ ခွဲဝေချထားပေးစေခဲ့ပြီး စီမံချက်ကာလနီးကပ်လာသည်နှင့်အညီ ရပ်ကွက်ကျေးရွာများ အလိုက်အဖွဲ့များခွဲ၍ တာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည်။ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများကို အခြေပြု၍ ဖွဲ့စည်းတာဝန်ပေးအပ်မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ ပြောကြားသွားခဲ့သည်။
ထို့နောက် မြို့နယ်ခေတ္တရဲတပ်ဖွဲ့ ရဲမှူးကြီး ကျော်ခိုင်စိုးက လုံခြုံရေးကိစ္စရပ်များနှင့် တရားဥပဒေ စိုးမိုးရေးပိုင်းနှင့် မြို့နယ်အတွင်းသန့်ရှင်းသပ်ရပ်လှပမှုရှိစေရန် ဆောင်ရွက်လုပ်ဆောင်ရမည်များကို တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးစိန်လင်းမှ မြို့နယ်လျှပ်စစ်မီးရရှိရေးလုပ်ဆောင်ချက် များကို လျှပ်စစ်မန်နေဂျာများကို မေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ်အတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ အကြောင်းကို ဆွေးနွေးခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်အား ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ၂၀၂၂_၂၀၂၃ ခုနှစ် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကျန်ရှိနေသေးသည့် လုပ်ငန်းများကိုတင်ပြဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)