ကျိုက်မရော နိုဝင်ဘာ ၂၆
ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လည် ၁နာရီ အချိန်က အတ္တရံမြို့သစ် မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိူမြတ်မြတ်ထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် ဟောပြောပြီး အတ္တရံ မြို့သစ် ကျောင်းအုပ်ဆရာမကြီးက ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရန်အတွက် စာအုပ်၊ စာပေ လေ့လာဖတ်ရူသည့် အကျင့်ကို ငယ်စဉ် ကျောင်းသား ဘဝကပင် အစပြုရမည်ဖြစ်ပြီး စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများစွာ ရရှိပြီး အချိန်ကို အကျိုးရှိရှိ အသုံးချတတ်လာမည် ဖြစ်ကြောင်း ပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ ဖတ်ရှုလိုသည့် စာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)