ဒဂုံမြောက် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်သူက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ စာတွေ့လက်တွ့သင်ယူ တတ်မြောက်ထားသော သင်ခန်းစာများအား အများပြည်သ အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးကြရန်၊ ယနေ့သင်တန်းကို အောင်မြင်စွာပြီးဆုံးသည်အထိ တက်ရောက်ပေးခဲ့သည့်အတွက်လည်း များစွာဂုဏ်ယူမိပါကြောင်း သင်တန်းမှသင်ကြားမှုများအား စဉ်ဆက်မပြတ်လေ့လာဆည်းပူးသွားရန်နှင့် ရပ်ရွာလူထု၏ အကျိုးကို ကူညီသယ်ပိုးဆောင်ရွက်သွားကြပြီး ရပ်ရွာမှ ယုံကြည်လေးစားအားကိုးရသူများ ဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။ ထို့နောက်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးတင်ထွန်းအောင်မှ ဆုရသင်တန်းသားများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၁) ဗိုလ်မှူးကျော်သူနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက် ခဲ့ပြီး အဆိုပါသင်တန်းအား သင်တန်းနည်းပြ(၅)ဦး၊ သင်တန်းသား (၅၀)ဦးဖြင့် နိုဝင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့ထိဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)