သတင်းများ

ဆိပ်ဖြူမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ စစ်ဆေးဆောင်ရွက်
Nov 30,2022
မကွေးတိုင်းဒေသကြီး၊  ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးသည်။
ညောင်ဦးမြို့၌  မြို့နယ်အဆင့်လူရည်ချွန် ကိုယ်ကာယကြံခိုင်ရေးစစ်ဆေးအမှတ်ပေး
Nov 30,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့နယ်အဆင့် လူရည်ချွန်ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးအမှတ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ မြို့နယ်အားကစားကွင်းတွင် လူရည်ချွန်ရွေးချယ်ခြင်းများဆောင်ရွက်ခဲ့ရာ ညောင်ဦးခရိုင်ပညာရေးမှူး ဒေါ်မိမိအောင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးအောင်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ညောင်ဦးမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး (လက်ထောက်ညွှန်ကြားရေးမှူး) တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ကာ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးအမှတ်ပေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ် ကန်တွင်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Nov 30,2022
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်  ၀န်ထမ်းများက ယမန်နေ့နံနက် (၁၀) နာရီက၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တင်ဒါအောင်မြင်သော   ကန်တွင်းကျေးရွာ ကုန်ထုတ်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး
Nov 30,2022
ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သော အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား၊ လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူရည်ချွန်စိစစ်ရွေးချယ်ခြင်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ကျန်စစ်သားလမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုမှတ်ပုံတင်ထားသည့် မူလတန်းကြိုကျောင်းသို့တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသိမှတ်ပြုမှတ်ပုံတင်ထားသည့် ၃/မာန်ပြေရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ ယမန်နေ့ညနေ(၄:၀၀)နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှကွင်းဆင်းကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေး သရုပ်ပြပွဲအခမ်းအနားပြုလုပ်
Nov 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးသရုပ်ပြပွဲကို အ.ထ.က ကျောင်းဒေါင့် ရန်ရှင်းလမ်းစုံတွင် နိုဝင်ဘာလ (၂၈)ရက် နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာအပ်နှင်းချီးမြှင့်ခြင်းနှင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Nov 30,2022
ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုလွှာ အပ်နှင်းချီးမြှင့်ခြင်းနှင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ဆုရသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မဉ္ဇူ သကခန်းမတွင်ကျင်းပ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး သိန်းလင်း တက်ရောက်ချီးမြှင့်သည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန် အတွက် ကာကွယ်ဆေးထိုးနှံလျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံ၌  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။