ခန္တီး နိုင်ဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးသရုပ်ပြပွဲကို အ.ထ.က ကျောင်းဒေါင့် ရန်ရှင်းလမ်းစုံတွင် နိုဝင်ဘာလ (၂၈)ရက် နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲကို လမ်းလျှောက်သူများလိုက်နာရန် အမှား/အမှန်သရုပ်ပြခြင်း၊ လမ်းဖြတ် ကူးသူများလိုက်နာရန် အမှား/အမှန် သရုပ်ပြခြင်း၊ စက်ဘီးစီးသူများလိုက်နာရန် အမှား/အမှန်သရုပ် ပြခြင်း၊ ဆိုင်ကယ်စီးနင်းသူများလိုက်နာရန် အမှား/အမှန် သရုပ်ပြခြင်း နှင့် ကားမောင်းသူများလိုက် နာရန် အမှား/အမှန်သရုပ်ပြခြင်း ဟူ၍ အပိုင်း(၅)ပိုင်းခွဲကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံနှင့် တပ်မတော်အရာရှိစစ်သည်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့် ရပ်ကွက် နေပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)