သတင်းများ

မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲကျင်းပ
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယ‎နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကော်ဖီတိုးချဲ့စိုက်ပျိုးရေးအတွက် အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Nov 30,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တောင်သူများကို ကော်ဖီတိုးချဲ့စိုက်ပျိုးရေးနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ထားဝယ်) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Nov 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန်လမ်းမကြီးနံဘေးတွင် တည်ရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)ကို ယနေ့နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်
Nov 30,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌   အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ  စွမ်းဆောင်ရည်မြင့်မားလာစေရည်ရွယ်၍ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အ.ထ. က(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြသည်။
ထန်းတပင်မြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများ ကျင်းပပြုလုပ်နေ
Nov 30,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာလ(၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အမ်းမြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်
Nov 30,2022
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS)ဖြင့်မှတ်ပုံတင်ပြု လုပ်ပေး​ခြင်းနှင့်ဆိုင်ကယ် မော်တော်ယာဥ်များ အားသက်တမ်းတိုး ဆောင်ရွက်ပေးခြင်းကို  ယမန်နေ့က စတင်၍ အမ်းမြို့ ရွေအမ်းတောင် ခန်းမ၌ဆောင်ရွက်ပေးလျက်ရှိသည်။
 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမည်
Nov 30,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာ(မ)ရပ်ကွက်တွင်ရှိသော ရွှေပြည်သာအားကစားကွင်း၌( ၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပမည်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော် မတီ တာဝန်ရှိတစ်ဦးထံက သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်း ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းများကျင်းပ
Nov 30,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်း ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု့စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။