ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး

ဒဂုံဆိပ်ကမ်း  နိုဝင်ဘာ ၃၀

ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သော အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား၊ လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူရည်ချွန်စိစစ်ရွေးချယ်ခြင်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ကျန်စစ်သားလမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရာတွင် မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ကျောင်းသား/သူ(၄၀)ဦး၊ မီတာ ၈၀၀ ပြိုင်ပွဲတွင် ကျား(၁၉)ဦး၊ မီတာ ၄၀၀ ပြိုင်ပွဲတွင် (မ)၁၈ဦး၊ လက်ထောက်တွန်းတင်ပြိုင်ပွဲတွင် ကျောင်းသား/သူ(၄၀)ဦး၊ ရပ်လျက်အလျားခုန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်သူ(၄၀)ဦး၊ အိပ်ထမတင်ပြိုင်ပွဲတွင်(၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်ပညာရေးမှူးဒေါ်အေးမာလွင်(တာဝန်ခံ)နှင့် ကော်မတီဝင်များက ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)