ဆိပ်ဖြူမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ စစ်ဆေးဆောင်ရွက်

ဆိပ်ဖြူ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊  ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများကို မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲသို့ အခြေခံပညာကျောင်းများမှ   GRADE -9 ကျောင်းသား/ကျောင်းသူ    (၁၄)ဦး၊  GRADE -10 ကျောင်းသား/ကျောင်းသူ (၂၃) ဦး၊  GRADE -11 မှ ကျောင်းသား/ကျောင်းသူ( ၂၁)ဦး၊ စုစုပေါင်း (၅၈)ဦး လာရောက်ဖြေဆိုခဲ့သည်။ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ရေးဖြေဆောင်ရွက်ခြင်းနှင့် လူတွေ့စစ်ဆေးဆောင်ရွက်ခြင်းများကို ဆိပ်ဖြူ (အ.ထ.က) ကျောင်း၌ နိုဝင်ဘာလ ၂၈ရက်နေ့နှင့် နိုဝင်ဘာလ ၂၉ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြပြီး၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို နိုဝင်ဘာလ ၃၀ရက်နေ့နံနက် ၇နာရီအချိန်တွင် မြို့နယ် ပြည်သူ့အားကစားကွင်း၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊   လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ အနေ ဖြင့် စာရိတ္တနှင့်ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊  အထွေထွေဗဟုသု တဆိုင်ရာအချက်အလက်များ၊ ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ဖြေဆိုရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။

ကိုဇွဲ (အညာမြေ)