ညောင်ဦး နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့နယ်အဆင့် လူရည်ချွန်ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးအမှတ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ မြို့နယ်အားကစားကွင်းတွင် လူရည်ချွန်ရွေးချယ်ခြင်းများဆောင်ရွက်ခဲ့ရာ ညောင်ဦးခရိုင်ပညာရေးမှူး ဒေါ်မိမိအောင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးအောင်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ညောင်ဦးမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး (လက်ထောက်ညွှန်ကြားရေးမှူး) တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ကာ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးအမှတ်ပေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးအမှတ်ပေးခြင်းကို မြို့နယ်အဆင့်လူရည်ချွန် (Grade -11) မှ ကျောင်းသား (၁၀)ဦး၊ ကျောင်းသူ(၁၀)ဦး၊(Grade -10)မှ ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ (၁၃)ဦး၊ (Grade -9)မှ ကျောင်းသား (၁၇)ဦး၊ ကျောင်းသူ(၁၇)ဦး၊ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများမှာ မီတာ(၁၀၀)အပြေး၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျှက်အလျားခုန်၊ အိပ်ထမတင်၊ ကျောင်းသားများ မီတာ(၈၀၀)အပြေးနှင့် ကျောင်းသူများ မီတာ(၄၀၀) အပြေးတို့ သတ်မှတ် စံချိန်များအတိုင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်နိုင်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ