သတင်းများ

ကမာရွတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းကို ဆက်လက်ကျင်းပ
Nov 30,2022
နိုင်ငံ​တော်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေဗဟုသုတများ နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပဖြေဆိုခဲ့ပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)ဖွင့်ပွဲကျင်းပ
Nov 30,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် သီလဝါစက်မှုဇုန်လမ်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)အဝင်မုခ်ဦး၌ ကျင်းပသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း ကူညီဆောင်ရွက်ပေးသည့် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များမှ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
Nov 30,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီအဖွဲ့နှင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးသည့် လူမှုရေးအသင်းများ၊ ပရဟိတအဖွဲ့များမှ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကလေးတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Nov 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစား သောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ် ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ နယ်စပ်ရေးရာဝန်ကြီးဌာနက လှူဒါန်း
Nov 30,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကယားပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ သံဃာတော်များ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု အားကစားပြိုင်ပွဲကျင်းပ
Nov 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု အားကစားပြိုင်ပွဲကို မြို့နယ်ပြည်သူ့ အားကစားကွင်တွင် ယနေ့နံနက် (၉) နာရီက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ရေပြင်တွင်အမှိုက်များစွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 30,2022
ကျောက်တန်းမြို့နယ်၊ ရေပြင်တွင်အမှိုက်များစွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ ကျောက်တန်းမြို့နယ် ၊ ရေလယ်ဘုရားဈေးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Nov 30,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၈) နာရီ က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။