စဉ့်ကိုင်မြို့နယ် ကန်တွင်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

စဉ့်ကိုင် နို၀င်ဘာ ၃၀

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်  ၀န်ထမ်းများက ယမန်နေ့နံနက် (၁၀) နာရီက၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တင်ဒါအောင်မြင်သော   ကန်တွင်းကျေးရွာ ကုန်ထုတ်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းမြင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်နှင့် ၀န်ထမ်းများက ကန်တွင်းကျေးရွာ ကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီ၀င်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပုဂံနန်းတော်ကုမ္ပဏီမှ တာ၀န်ရှိသူများအား လုပ်ငန်းအချိန်မီပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်းများ  ပြည့်မီရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ကန်တွင်းကျေးရွာတွင်၂၀၂၂-၀၂၃ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း (မွမ်းမံ)  ခွင့်ပြုရန်ပုံငွေ (၇၅ . ၄၀၇) သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းအရှည် (၀/၅) မိုင်၊ အကျယ်(၁၂)ပေ၊ မြေသားဂျင်း (၄ပေ၉လက်မ) ထုခင်းခြင်းနှင့် Box Culvert  (၂၄ပေ×၃ပေ×၃ပေ) တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက တောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများအား လေလွင့်နည်းပါးစွာဖြင့် စျေးကွက်သို့ အရောက်ပို့ဆောင်နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် များစွာအကျိုးရှိလာမှာဖြစ်ကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊   ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်ထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)