သတင်းများ

ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 01,2022
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်သော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာရေးအတွက် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ပြိုင်ပွဲများကို နိုဝင်ဘာ (၂၈) ရက်နေ့မှ ယမန် ်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေး
Nov 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံဆွေး‌နွေးပွဲပြုလုပ်
Nov 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန(Community entre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မိုးစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Nov 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခဲ့ ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန် အားကစားစွမ်းရည် ပြိုင်ပွဲကျင်းပ
Nov 30,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့ နံနက် ၇ နာရီက အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် SMART Village စီမံကိန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းမျာကွင်းဆင်းစစ်ဆေး
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် SMART Village စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား
တောင်ဝိုင်းမင်္ဂလာဈေး(ဈေးရုံ)ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Nov 30,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ တောင်ဝိုင်းမင်္ဂလာဈေး (ဈေးရုံ)ပန္နက် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါ ဈေးရုံတည်ဆောက် မည့်မြေနေရာ၌ ကျင်းပခဲ့သည်။
ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 30,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ် အထွေထ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။