ကော့ကရိတ်မြို့၌ ကော်ဖီတိုးချဲ့စိုက်ပျိုးရေးအတွက် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကော့ကရိတ်  နိုဝင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တောင်သူများကို ကော်ဖီတိုးချဲ့စိုက်ပျိုးရေးနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ကော်ဖီသည်ကမ္ဘာ့စျေးကွက်တွင် ဒုတိယနေရာ ရောင်းဝယ် ဖောက်ကားမှုအများဆုံးဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ကော်ဖီသီးနှံလျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက်ဌာနအနေ ဖြင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာများရှိ တောင်သူများအား ကော်ဖီစိုက်ပျိုးနိုင်ရေးနည်းလမ်းများနှင့်ပတ်သက်၍ ထပ်ဆင့်ပြောကြားပေးစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထိုနောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးချစ်ခိုင်က မြန်မာ့ကော်ဖီသမိုင်း၊ မျိုးစေ့ ရွေးချယ်ခြင်းနှင့် မျိုးစေ့စုဆောင်းခြင်း၊ ပျိုးခင်းတည်ထောင်ထိန်းသိမ်းခြင်း၊မျိုးစေ့ချစိုက်ခြင်း၊ မျိုးအိတ်သွတ်သွင်း မြေပြင်ဆင်ခြင်း၊ ကော်ဖီပင်ပြုစုပျိုးထောင်ခြင်း စသည့်ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ​ ကော်ဖီသည်ကုန်းမြှင့်ကော်ဖီ၊ မြေနိမ့်ကော်ဖီ နှစ်မျိုးရှိပြီး မြေပြင်အနေအထား သတ်မှတ်ချက်အလိုက် စိုက်ပျိုးရပြီး ကေ့ာကရိတ်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြေနိမ့်ကော်ဖီ ၁နှစ်လျင်ဧက(၁၀၀) ၅နှစ်လျင်ဧက(၅၀၀)နှုန်းဖြင့် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)