အမ်း နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS)ဖြင့်မှတ်ပုံတင်ပြု လုပ်ပေးခြင်းနှင့်ဆိုင်ကယ် မော်တော်ယာဥ်များ အားသက်တမ်းတိုး ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ကစတင်၍ အမ်းမြို့ ရွှေအမ်းတောင် ခန်းမ၌ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလိုင်စင်မဲ့ဆိုင်ကယ်များအားယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် (၅)နှစ်အောက် သက်တမ်းတိုးဆောင်ရွက်မည့် မော်တော်ဆိုင်ကယ် နှင့်မော် တော်ယာဉ်များအား ရွှေအမ်းတောင်ခန်းမ၌ One Stop Service (OSS)ဖြင့်ရခိုင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနမှ ဦးဆောင်၍ နံနက် ၉ နာရီအချိန်မှ ညနေ ၅ နာရီအချိန်ထိ ၎င်းရက်သတ္တနှစ်ပတ်ထိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအားမှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းပြတ်(၅)နှစ်အောက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအားသက်တမ်းတိုးဆောင်ရွက်ခြင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်သူများဖြင့် ပြုလုပ်လျက်ရှိရာအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက်ဆောင်ရွက်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်နေမှုများအား သွား ရောက်ကြည့်ရှုကာ ယာဉ်လိုင်စင်နှင့် ယာဉ်သက်တမ်းတိုးဆောင်ရွက်မည့်သူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါမှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညနမှမှတ် တင်ဆောင်ရွက်ခ(၃၁၉၀၀)ကျပ်၊ မြန်မာ့အာမခံလုပ်ငန်းအာမခံကြေး(၄၁၅၀)ကျပ် မြို့နယ် စည်ပင်သာယာမှ ဘီးခွန်ကြေး(၃၀၀၀)ကျပ် ဘဏ်ပေးသွင်းချလန်ကြေး(၅၀၀)ကျပ်နှင့် နိုင်ငံထုတ်မော်ဒယ်အမျိုးအစားအလိုက်ပေးသွင်းရမည့် ဒဏ်ကြေးများလည်းအခွန်ပေးသွင်းနိုင်ရန် ၎င်းနေရာ၌ ဆောင်ရွက်ထားကြောင်း သိရသည်။
စိုးမင်းထွန်း