ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask-Campaign ပြုလုပ်
Dec 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း က လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။