ထန်းတပင်မြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများ ကျင်းပပြုလုပ်နေ

ထန်းတပင်(ရန်ကုန်)   နိုဝင်ဘာ   ၃၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာလ(၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ပညာရည်ချွန်ထူးချွန်သော ကလေးငယ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများကိုကျင်းပပြုလုပ်ခြင်းဖြစ်ပြီး လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများသို့ Grade-9, Grade-10နှင့် Grade-11မှ ကျောင်းသား(၇၂)ဦးနှင့် ကျောင်းသူ(၇၃)ဦးစုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၄၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင်လည်း နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြန်မာစာနှင့်အင်္ဂလိပ်စာရေးဖြေပြိုင်ပွဲ၊ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် သင်္ချာ၊ အထွေထွေဗဟုသုနှင့် နှုတ်မေးနှုတ်ဖြေပြိုင်ပွဲနှင့် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် မီတာ(၁၀၀)၊ မီတာ(၄၀၀)နှင့်မီတာ(၈၀၀)အပြေးပြိုင်ပွဲများနှင့် အိပ်ထမတင်ပြိုင်ပွဲ၊ ဒိုက်ထိုးပြိုင်ပွဲနှင့် ရပ်လျက်ခုန်ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိပြီး လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများကျင်းပပြုလုပ်နေမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)