ရွှေပြည်သာမြို့နယ် အထက(၃)ကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေပြည်သာ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုအမှတ်(၆၅)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး မျိုးညွန်နှင့်အမှတ်(၆၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးဇော်ဇော်စိုးတို့က ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်၊ အမှတ်(၆၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးဇော်ဇော်စိုး၊ မြို့နယ်ဌာနဆိုင်ရာများ၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)