သတင်းများ

မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုသီချင်းဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Dec 02,2022
တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုသီချင်းဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “စိုက်ပျိုးရေးကဏ္ဍ”အသိပညာပေး Talk Show ကျင်းပဆောင်ရွက်
Dec 02,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မင်ကွန်းတိုက်နယ် တာဝန်ခံတို့ပူးပေါင်း၍ “စိုက်ပျိုးရေးကဏ္ဍ” အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့၊ နေ့ပိုင်းက ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အထက (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဂသန်းဇင်မှ ကွင်းဆင်းစစ်ဆေး
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)  မြို့နယ်၊ အထက (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက် ၁၁အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ
Dec 02,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းလွန် ကျုံဖိုက်ကျေးရွာ၌ ဆောင်ရွက်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖ
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေ ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Maskများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် ၃ ရပ်ကွက်ရှိ မြို့မစျေးကြီး၌ ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ဗမာကြက်မွေးမြူ
Dec 02,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ဗမာကြက် မွေးမြူလျက်ရှိသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဆည်ကုန်ကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ရေသန့်စက်ရုံနှင့် ရေသန့်စက် တည်ဆောက်တပ်ဆင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Dec 01,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယမန်နေ့ ညနေ ၅ နာရီ အချိန်က  ဆည်ကုန်းကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ရေသန့်စက်ရုံနှင့်ရေသန့်စက်တည်ဆောက် တပ်ဆင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အော်ဂင်းနစ်လယ်ယာသီးနှံများစိုက်ပျိုးထုတ်လုပ်၍ ထုတ်ကုန်များကို အကျိုးတူလယ်ယာစနစ်ဖြင့် ဈေးကွက်ရှာဖွေတင်ပို့ရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Dec 01,2022
ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအား အော်ဂင်းနစ် လယ်ယာသီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စည်းရုံးဆောင်ရွက်ပြီး စိုက်ပျိူးရေးထုတ်ကုန်များကို အကျိုးတူလယ်ယာစနစ်ဖြင့် ဈေးကွက်တင်ပို့နိုင်ရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရေးအတွက် နိုဝင်ဘာ ၃၀ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။