ဟားခါး ဒီဇင်ဘာ ၂
ချင်းပြည်နယ် ၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီက Sweet December အခမ်းအနားပြုလုပ်ရာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းနှင့် အရာထမ်း ၊ အမှုထမ်း (၁၆၁) ဦး တက်ရောက်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးက Sweet December နှုတ်ခွန်းဆက်စကားပြောကြားသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် “ သခင်ယေရှုခရစ်တော်ရဲ့ လူသားများအတွက် ယူဆောင်လာသည့်အကြီးမားဆုံးအရာကတော့ ပြန်လည်သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းခြင်း ဖြစ်ကြောင်း သခင်ယေရှုဟာ ဤလောကသို့ ကြွလာပြီး လူသားများအတွက် အသက်စွန့်ခြင်းအားဖြင့် ဘုရားသခင်နှင့် လူသားများအကြား ပြန်လည်သင့်မြတ်ပြီး တစ်စည်းတစ် လုံးတည်းဖြစ်စေဖို့ဆိုတာ ခရစ်စမတ်ရဲ့ ရည်ရွယ်ချက်ဘဲဖြစ်ပါကြောင်း ခရစ်စမတ်အချိန် အခါသမယမှာ သခင်ယေရှုထံမှ ရရှိသည့်ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဟာ ဒီမှာရှိသည့်ဝန်ထမ်းများ အားလုံးနှင့်တကွ မိမိတို့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အပေါ် သက်ရောက်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း အမိနိုင်ငံတော်ကြီး ဘေးရန် ခပ်သိမ်းမှ ကင်းဝေး၍ အဖက်ဖက်က တိုးတက်အောင်မြင်သာယာရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းကြောင်း ” နှုတ်ခွန်းဆက်ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြည်သည့် ဝန်ထမ်းများကို အထူးဆု (၂) ဆုနှင့် ဗလာ မပါကံစမ်းမဲဖောက်ခြင်း ဆက်လက်ဆောင်ရွက်ရာ အထူးဆု (၁) သိန်းရရှိသည့် သန့်ရှင်းရေး ဝန်ထမ်း ဒေါ်နွယ်ဌေးကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းက လည်းကောင်း ၊ အထူးဆု (၅) သောင်းဆု ရရှိသည့် အကြီးတန်းစာရေး ဒေါ်နှင်းအေးချမ်းဦးကို ညွှန်ကြားရေးမှူး ဦးထွန်းသိန်း က လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(မောင်ထွန်းတောက်)