အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်

ဗန်းမော်        ဒီဇင်ဘာ     ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၃.၁၂.၂၀၂၂)ရက်နေတွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် Talk  Show  ကို  ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ မသန်စွမ်းသူ၏အဓိပ္ပာယ်၊ မသန် စွမ်းမှု၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံအတွင်းတွင် အဖြစ်များသည့်  မသန်စွမ်း(၄)မျိုး၊ မသန်စွမ်းသူတို့၏ ပညာသင်ယူနိုင်မှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက မသန်စွမ်းသူများသည်လည်း လူထဲမှလူသားများဖြစ် တဲ့အတွက် လူ့အခွင့်အရေးများကို အပြည့်အဝခံစားပိုင်ခွင့်ရှိပါကြောင်းနှင့် အများနှင့်သက်ဆိုင်တဲ့ ဘုရား၊ ပန်းခြံ၊ စူပါမားကတ်စတဲ့နေရာတွေမှာ မသန်စွမ်းသူများအတွက်လည်း ထည့်သွင်းစဉ်းစား သင့်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။.

ခရိုင်ပြန်/ဆက်