လက်ပံတန်းမြို့ အလက ကျွန်းကလေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အဟာရတိုက်ကျွေး

လက်ပံတန်း ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ  နို့စားနွားမွေးမြူသူများနှင့် ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်စေရေးတွက် နွားနို့နှင့်ကြက်ဥများ အဟာရတိုက် ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အလက ကျွန်းကလေးကျောင်း၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလိူင်က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းက နို့နှင့်နို့ထွက်ပစ္စည်းများ တိုးတက် ထုတ်လုပ်နိူင်ရေး ဆွေးနွေးမှာကြားပြီးနောက် School Milk အစီအစဉ်အရ ကျောင်းသား ကျောင်းသူ(၃၀၀)အား ကျန်းမာကြံ့ခိုင်ရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် နွားနို့နှင့်ကြက်ဥ အဟာရများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)