ပေါင် ဒီဇင်ဘာလ ၂
မွန်ပြည်နယ်၊ သထုံမြိုင်ခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက်ရည်ရွယ်၍ မွေးစမှ အသက်(၂)အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျဆရာမများက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်း/တိုက်ကျွေးခြင်းတို့ကို ရပ်ကွက်/ကျေးရွာ များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)