ကျောက်ဆည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ရေတိုက်စား၍ ပျက်စီးနိုင်သည့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်ကားလမ်းမှ တံတားအမှတ် (၃/၁) အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမးဦးစီးဌာနမှ ကျောက်ရိုးစီမြေထိန်းနံရံ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းမှ (၁)ကီလိုမီတာနှင့်(၁.၂)ကီလိုမီတာ အတွင်းတည်ရှိပြီး အရှည်(၂၁.၈၂) မီတာxအကျယ်(၇.၃၁)မီတာရှိသော တံတားတစ်စင်ဖြစ်ပြီး တံတား၏ ရေအစုန်ဘက်ခြမ်းတွင် ရေတိုက်စားပြီး တံတားပျက်စီးနိုင်သည့်အတွက် ပြန်လည်ပြုပြင်ခြင်းဖြစ်ပြီး လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၁၀.၀၀)သန်းဖြင့် ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး (၉.၁၄)မီတာအရှည် ကျောက်ရိုးစီမြေထိန်းနံရံနှင့်ကျောက်ရောမြေပြန်လည်ဖြည့်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဒေသတွင်းထွက်ကုန်များ သယ်ဆောင်ရာတွင် စိုးရိမ်မှုကင်းစွာဖြင့် သယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတံတား ကြံ့ခိုင်မှုရှိစေရေးပြန်လည်ပြုပြင်ပေးမှုကြောင့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက် လမ်းအားအသုံးပြုနေသည့် ဒေသခံကျေးရွာ(၈၀)ခန့်နှင့်ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများဆောင်ရွက်ရာတွင် လျင်မြန်ချော မွေ့စွာသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)