ကမာရွတ်မြို့နယ် လှည်းတန်းစင်တာ၌ စာအုပ်စျေးရောင်းပွဲတော်ကျင်းပ

ကမာရွတ် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လှည်းတန်းစင်တာတွင် စာအုပ်ပေါင်းကူးမှစီစဉ်သည့် ဒီဇင်ဘာလ အထူးစာအုပ်စျေးရောင်းပွဲတော်ကို ( ၁၂-၁၂-၂၀၂၂) မှ(၁၈-၁၂-၂၀၂၂) ရက်နေ့အထိ (၇)ရက်တိုင်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

စာအုပ်ချစ်သူများအား စာအုပ်ဟောင်း၊စာအုပ်ကောင်းများကို စျေးနှုန်းသက်သက်သာသာဖြင့် လာရောက်ဝယ်ယူနိုင်စေရန်နှင့် ကလေး၊ လူငယ်များအတွက်လည်း ဗဟုသုတရရှိစေမည့် စာအုပ်များကို အလွယ်တကူဝယ်ယူဖတ်ရှနိုင်စေရန်အတွက် ဖြစ်ပါသည်။

အဆိုပါစျေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၀) ခန်းမှစာအုပ်စာစောင်များကို ပြည်သူများ အသိပညာဗဟု သုတရစေဖို့ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

စိမ်းလဲ့ (ပြန်/ ဆက် )