လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထက(၂)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထက(၂) အခြေခံပညာအထက်တန်းကျောင်း မုဒိတာခန်းမတွင် ကျောင်းသား/ သူ၊ လူငယ်၊ လူရွယ်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက အထက(၂) မုဒိတာ‌ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခန်းအနားကို အထက(၂)ကျောင်းမှ ကျောင်းသူ ကျောင်းသားများ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်မှ လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာတွင် အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အမှတ်(၂)အခြေခံပညာအထက်‌တန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးများဌာနဆိုင်ရာ တာ၀န်ရှိသူများ အသီးသီးတက်‌‌ရောက်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဇော်(ပြန်/ဆက်)