ကရသူရိမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွင်စရာ ကစားနည်းပြိုင်ပွဲကျင်းပ

ကရသူရိ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ကစားနည်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲပြုလုပ်ခြင်းသည် ကျောင်းသား/သူများ ‌ကျောင်းပိတ်ရက်အားလပ်ချိန်၌  ကျောင်းစာများအပြင် နေ့ထူး/နေ့မြတ်များနှင့် အသိပညာအတတ်ပညာများကို စာကြည့်တိုက်မှ မွေးထုတ်ပေးနိုင်ရေး ၎င်းတို့ကြိုက်နှစ်သက်ရာ ပျော်ရွှင်စရာကစားနည်းပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ပြီး ထိုပြိုင်ပွဲကို မူလတန်းအဆင့်ကျောင်းသား/သူများနှင့် စာဖတ်ဝါသနာရှင်ကလေးများက ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မေတ္တာလက်ဆောင်များကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့အချုပ်အခြာအာဏာ လွတ်လပ်ရေးကြီးကို မြန်မာတစ်မျိုးသားလုံးက တိုက်ခိုက်ရယူခဲ့ပြီး ထိုလွတ်လပ်ရေးကြီး မပျောက်မပျက်၊ မဆုံးရှုံးသွားဘဲ ထာဝစဉ်တည်တံ့သွားနိုင်ရေးအတွက် နှစ်စဉ်ဇန်နဝါရီလ(၄)ရက်နေ့သို့ရောက်တိုင်း လွတ်လပ်ရေးနေ့ဂုဏ်ပြု အထိမ်း အမှတ်များကို ကျင်းပလျက်ရှိကြောင်း သိရသည်။     

ကရသူရိပြန်/ဆက်