မန်ကန်မြို့ အ.လ.က(ခွဲ) ငှက်ကာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မန်ကန် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ် ကောင်းများမှန်ကန်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာ ၈ ရက်နေ့မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့ အ.လ.က(ခွဲ)ငှက်ကာကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ပညာသင်ချိန်တွင် လမ်းမှားမရောက်ဖို့နှင့် ပညာကိုမြတ်မြတ်နိုးနိုးဖြင့် သင်ယူလေ့လာဖို့လိုအပ်ကြောင်း အကျယ်တစ်ဝန်း ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူလူများက မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မွန်မွန်(ပြန်/ဆက်)